၇၃ လမ်းမကြီးနှင့် အတူ Future's Sky
Saturday, July 21, 2007
73 လမ်းနှင့် Future's Sky
2007 ခုနှစ်မှ စ၍ 73 လမ်းမကြီးသည် ပို၍စည်ကားလာသည်ဟု ထင်ရလောက်အောင် တိုးတက်လာပါသည်။ 2007 ခုနှစ်နောက်ပိုင်းတွင် ပို၍များပြားလာသော PAC များ၊ Net Game ဆိုင်များ၊ ကွန်ပျူတာ ဆိုင်များ၊ တစ်ခါပြင် ရှမ်းထမင်းဆိုင်များက သက်သေပြလျက်ရှိပါသည်။ ဒါကို အမျှော်အမြင်ရှိသော လူကြီးများကလည်း သူတို့၏ ၀တ္တရားအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် 73 လမ်းမကြီးသည် ညအချိန်တွင်လည်း နီယွန်မီးများဖြင့် ထိန်ထိန်လင်းလျက် ရှိနေပါသည်။ ဒါ့အပြင် 35 လမ်းနှင့် 73 လမ်းထောင့်တွေကိုလည်း ချဲ့ထွင်လျက် ရှိသည်ကို တွေ့ရပါသည်။ နောက်ထပ်လည်း ပို၍တိုးတက်လာမည်ဟု ထင်ရပါသည်။ ဆောက်လက်စ အထပ်မြင့်တိုက်များ၊ မကြာခင် ဖွင့်လှစ်တော့မည့် PAC များကို ကြည့်ခြင်းအားဖြင့် စီးပွားရေး သမားများ မျက်စိကြရာ လမ်းမကြီးဖြစ်လာပေတော့မည်။

၇၃ လမ်းမကြီးနှင့် အတူ Future's Sky
၇၃ လမ်းမကြီးနှင့် အတူ Future's Sky
Subscribe to:
Post Comments (Atom)
1 comment:
ဒီဆိုင်ကို ကြားဖူးတာတော့ကြာပြီ။ ၇၃ လမ်းပေါ်မှာဆိုတော့ ပိုပြီး စည်ကားတာပေါ့။ အောင်မြင်ပါစေ :)ီ
Post a Comment