ကိုသခင်ကြီးနှင့် မရတနာချိုတို့မှ လိုက်လံ ရှင်းပြနေစဉ်
Tuesday, July 31, 2007
Sunday, July 29, 2007
Future's Sky မှာပြုလုပ်တဲ့ Blog Intro ပွဲလေး
၂၃ ရက်နေ့က ကျွန်တော်တို့ Future's Sky မှာ "Blog အကြောင်း သိကောင်းစရာ" ဟောပြောပွဲလေး တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဟောပြောသူကတော့ Blogger မမကြီး မန်းသူချောဖြစ်တဲ့ မရတနာချိုပါ :D။ ဓါတ်ပုံတွေ ပြန်တင်ပေးလိုက်ပါတယ်။
Thursday, July 26, 2007
မီးတွေ ပုံမုန်ရနေတဲ့ မန္တလေး
အခုတလော မန္တလေးမှာ မီးတွေ အချိန်တော်တော်များများရနေပါပြီ။ အရင်ကဆို မီးကို နေ့ (၂)ရက်ပေး ညပြတ်၊ ည (၂)ရက်ရ၊ နေ့ပြတ်ပါ။ အခုဆိုလျှင် ၂၄ နာရီတွင် (၁)နာရီစာလောက်သာ ပြတ်ပါတယ်။ (၁)နာရီဆိုတာ တစ်ချိန်ချိန်မှာ မိနစ် (၂၀)၊ (၁၅) မိနစ်စာလောက်သာ ပြတ်တာပါ။ ပေါင်းလိုက်ရင် (၁)နာရီ (၁)နာရီခွဲစာလောက်ပဲ ရှိပါမယ်။ အခုဆိုရင် ဘေးအိမ်တွေလည်း ဆူညံ ဆူညံ မီးစက်သံကို ကြားရတဲ့ ဘ၀မှ ကင်းလွတ်သွားကြပါပြီ။
Saturday, July 21, 2007
Discount Day
ကျွန်တော်တို့ Cyber မှာ တစ်လတစ်ခါ Discount ချပေးသော ရက်တစ်ရက်ရှိပါတယ်။ အဲ့ဒီအစီအစဉ်က အခုလမှ စလုပ်ဖြစ်တာပါ။ ဒါကြောင့်လားမသိဘူး Customer တစ်ချို့ကသိပ်မသိကြဘူးဗျ။ နောက် သတင်းစာမှာလည်း မကြော်ငြာဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆိုင်မှာတော့ တစ်ပါတ်လောက်ကြိုပြီး ကြော်ငြာထားတာပါ။ ဒါပေမဲ့ သိပ်မသိကြဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ Discount ပေးတဲ့နေ့က (19.7.2007) ငွေရှင်းကြတော့ 15 % Discount ပေးမှန်း အဲ့နေ့မှ ပြောနေရတယ်။ လူလည်း အဲဒီနေ့က အဲလောက် မစည်ဘူး။ Discount ပေးတယ်ဆိုတာ လူခေါ်တာမဟုတ်ပါဘူးဗျာ။ Customer တွေ တစ်ခါတစ်လေ ပို၍ဈေးချိုစွာ သုံးရအောင် အကျိုးအမြတ်မကြည့်ပဲ ကျွန်တော်တို့က လုပ်ပေးတာပါ။ ဒါကြောင့် Customer တွေကို ဆက်ကြော်ငြာလိုက်ပါရစေ။ နောက်လ မှာလည်း Discount Day တစ်ရက် လုပ်ပေးဦးမှာပါ။
စကားမစပ် ဒီလတော့ ဟောပြောပြောလေး တစ်ခု လုပ်ဖြစ်မှာပါ။ အဲဒါက အခြားမဟုတ်ပါဘူး။ Blogger တွေ ပိုမိုများပြားလာစေလိုသော / အင်တာနက်သုံးသူများ ပို၍ အသုံးချတတ်စေရန် ရည်ရွယ်ချက်နဲ့ လုပ်ပေးတဲ့ "Blog အကြောင်း သိကောင်းစရာများ" ဟောပြောပွဲဖြစ်ပါတယ်။ စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။ အခမဲ့နော်။ ကျင်းပမဲ့နေက ဒီလ ၂၈ နဲ့ ၂၉ ရက်မှာပါ။
73 လမ်းနှင့် Future's Sky
2007 ခုနှစ်မှ စ၍ 73 လမ်းမကြီးသည် ပို၍စည်ကားလာသည်ဟု ထင်ရလောက်အောင် တိုးတက်လာပါသည်။ 2007 ခုနှစ်နောက်ပိုင်းတွင် ပို၍များပြားလာသော PAC များ၊ Net Game ဆိုင်များ၊ ကွန်ပျူတာ ဆိုင်များ၊ တစ်ခါပြင် ရှမ်းထမင်းဆိုင်များက သက်သေပြလျက်ရှိပါသည်။ ဒါကို အမျှော်အမြင်ရှိသော လူကြီးများကလည်း သူတို့၏ ၀တ္တရားအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် 73 လမ်းမကြီးသည် ညအချိန်တွင်လည်း နီယွန်မီးများဖြင့် ထိန်ထိန်လင်းလျက် ရှိနေပါသည်။ ဒါ့အပြင် 35 လမ်းနှင့် 73 လမ်းထောင့်တွေကိုလည်း ချဲ့ထွင်လျက် ရှိသည်ကို တွေ့ရပါသည်။ နောက်ထပ်လည်း ပို၍တိုးတက်လာမည်ဟု ထင်ရပါသည်။ ဆောက်လက်စ အထပ်မြင့်တိုက်များ၊ မကြာခင် ဖွင့်လှစ်တော့မည့် PAC များကို ကြည့်ခြင်းအားဖြင့် စီးပွားရေး သမားများ မျက်စိကြရာ လမ်းမကြီးဖြစ်လာပေတော့မည်။

၇၃ လမ်းမကြီးနှင့် အတူ Future's Sky
၇၃ လမ်းမကြီးနှင့် အတူ Future's Sky
Subscribe to:
Posts (Atom)